Wednesday, June 22, 2016

Eagle

“သိန်းငှက်
=========

သိန်းငှက်ဟာ ကမ္ဘာပေါ်မှာ အသက်အရှည်လျားဆုံးငှက်မျိုးဖြစ်ပြီး နှစ်ပေါင်း ၇၀ ထိနေထိုင်နိုင်ပါတယ်
သူ့အကြောင်းပြောလိုက်တာနဲ့ ဘယ်သူမဆို ခန့်ငြားထည်ဝါတဲ့ အတောင်နဲ့သန်မာချွန်မြ နေတဲ့ လက်သဲတွေနဲ့စွမ်းအင်ကြီးမားတဲ့ သိန်းငှက်ကိုမြင်ယောင်မိကြမှာပါပဲ
ဒါပေမဲ့  သူ့မှာလဲ ဘဝရဲ့ အခက်ခဲ ဆုံးအချိန်ပိုင်းတွေ ရှိနေတယ်ဆိုတာ ဘယ်သူတွေ ကသိမှာတဲ့လည်း
....................................
သိန်းငှက်တွေ ဟာ အသက်၄၀ ရောက်တဲ့အခါ  သူ့တို့ရဲ့နုတ်သီးတွေဟာ ကောက်ကွေးလာပြီး ဘာပဲစားစား ခက်ခဲလာတယ်  လက်သဲတွေ လဲရှည်လွန်းလာပြီး လိမ်ဖယ်ကုန်လာတယ် အဲ့အချိန်မှာ သားကောင်ဖမ်းဖို့ကော အစား အစာစားသောက်ဖို့ ပါအင်မတန်ကိုမှခက်ခဲ ဒုက္ခရောက်လာပါတယ် ပြီးတော့သူ့အရဲ့ အမွေးတွေကလဲတစ်အားထူထပ်လာပြီး အရမ်းလေးလံတဲ့ အတွက်တစ်ခေါက်တစ်ခေါက်ထပျံ နိုင်ဖို့ အတွက် အင်မတန်မှ ဆင်းရဲ ပင်ပန်းလွန်းလှပါတယ် ဒီလိုအခက်အခဲ ကြုံရတဲ့ ကာလ ဟာအချိန်အားဖြင့် ရက်ပေါင်း၁၅၀ ဒါမှမဟုတ် ၅ လကျော်ကျော်ကြာပါတယ် ဒီလိုဆင်းရဲဒုက္ခတွေ ကို ကျော်ဖြတ်နိုင်ဖို့သူတို့မှာ ရွေးချယ်စရာ ၂ လမ်းပဲရှိနေပါတယ်  အဲ့ဒီနည်းလမ်းတွေကတော့
.........................
၁. ကိုယ့်ကိုယ်ကို သတ်သေ ပစ်လိုက်တာရယ်
၂. သီးခံပြီး ဒီအခက်အခဲ ဆင်းရဲဒုက္ခတွေကို ကျော်ဖြတ် သွားနိုင်အောင် ကြိုးစားရမယ်
.................................
ပထမလမ်းကို ရွေးတဲ့ အခါ သူဟာသူရဲ့လက်သဲတွေ နုတ်သီးတွေနဲ့ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်လို့ရသလို အမြင့်ကနေ အတောင်ရုတ်ပြီး ကျသေတဲ့နည်းနဲ့ လုပ်လို့ရနိုင်သလို ဆင်းရဲဒက္ခ ကြောင့်အလိုလိုသေ သွားတာလည်းရှိပါတယ်
....................................
ဒုတိယ လမ်းကိုရွေးချယ် တဲ့အခါ မှာ သူဟာ ကျောက်တောင်အမြင့်ကြီးတွေ ရှိရာဆီပျံသန်းသွားပြီး  ကျောက်နံရံတွေကို သူ့ရဲ့နုတ်သီးတွေ နဲ့ အကြိမ်ပေါင်းရာချီထောင်ချီအောင် ထိုးဆိတ်ဆောင့်ချရပါတယ် ဒီလိုလုပ်ပြီးသူ့ရဲ့နုတ်သီးတွေ ကျွတ်ထွက်သွား ပြီးတဲ့အခါ သူ့ရဲ့ကောက်ကွေးနေတဲ့ လက်သဲတွေ နဲ့ ကျောက်ကြမ်းပြင် မှာ တစ်ချောင်းချင်းစီကျွတ်ထွက်ကုန်တဲ့အထိ ကုတ်ဖဲ့ရပြန်ပါတယ်  ပြီးပြန်ယင် လည်းသူ့ရဲ့ အမွေးတွေ အတောင်တွေ ကုန်သွားအောင် တစ်ချောင်းချင်းတစ်မွေးချင်းနုတ်သီးနဲ့ ထူထပ်နေတဲ့အမွေးတွေ ကုန်သွားတဲ့ အထိ ဆိတ်ထုတ်နုတ်ပစ်ရပြန်ပါတယ်
.....................................
သေချာပါတယ် ဒီ လို အဆင့်လိုက်အစဉ်လိုက်လုပ်ငန်းစဉ် တိုင်းဟာ အင်မတန်ကို မှ နာကျင် ဆင်းရဲလွန်းပြီးသွေး အလိမ်းလိမ်း အလူးလူးနဲ့ ဝေဒနာတွေခံရတာဟာ အရမ်းကို ခက်ခဲလွန်းလှ ပါ တယ် လုပ်ငန်းစဉ်တွေဟာ နှေးကွေးစွာနဲ့ ဖြေးဖြေးချင်းချင်းစတင်သွားပြီး ရက်ပေါင်း ၁၅၀ ကြာပါတယ်
...........................
အဲ့အရာတွေ ကျော်ဖြတ်သွားနိုင်ပြီးတဲ့ အခါ
သူပြန်ရတဲ့ ဆုလဒ်ကတော့ အသစ်ထွက်လာတဲ့ နုတ်သီး ဟာ နှကိုယ်ကထက်ပိုမိုလှပလာပါတယ် အသစ်ပေါက်လာတဲ့လက်သဲတွေ နှကိုယ်ကထက်ပိုမိုချွန်မြ ပြီးအမဲလိုက်ဖို့ အင်မတန်သင့်လျော်လှပါပေတယ် အမွေးအတောင်တွေက လည်း အင်မတန်ကိုလှပ လာပါတော့တယ် ပိုပြီး အရေးပါတာကတော့ နောက်ထပ် နှစ်ပေါင်း ၃၀ ဆက်လက်ရှင်သန်နေနိုင်လာမှာဖြစ်ပြီး အင်မတန်ဂုဏ်သရေ ရှိတဲ့ဘဝနဲ့ နှကိုယ်ကထက်  စွမ်းအင်ကြီးမားတဲ့အတောင်တွေ နဲ့ ကောင်းကင်မှာခန့်ညားစွာနဲ့ ပျံသန်းနိုင်တော့မှာပါ
..................................
ဒါပေမဲ့ အယင်တုန်းကသာ  အပင်ပန်းအဆင်ရဲ အနာမခံ ဒုက္ခ မခံပဲ ခြေသဲတွေ နုတ်သီးတွေ မချွတ်ပစ်ခဲ့ဘူးဆိုယင် ရက်ပေါင်း ၁၅၀ ကျော်ပြီးတဲ့ နောက်ဆုံးမှာ  သေပွဲဝင်ရမှာအမှန်ပါပဲ  ဒီစမ်းသပ်ချက်ကြီးကိုကျော်ဖြတ်နိုင်တဲ့ သိန်းငှက်တွေ အမြောက်အများရှိသလို  ရက်၁၅၀ အတွင်းသေကျေကုန်ကြတဲ့ သိန်းငှက်တွေလည်းမနည်းမနောပါပဲ
..............................
ကျွန်တော်တို့ လူသားတွေ ဘဝ ဟာလည်း ဆင်းရဲဒုက္ခကော ပျော်ရွင်ချမ်းမြေ့ စရာတွေ ပါရှိနေတာပါပဲ  ကျွန်တော်တို့ ဆင်းရဲဒုက္ခ အခက်အခဲ ဖျားနာတာတွေ နဲ့ ကြုံတွေ့ ကြရတဲ့ အခါ အစွမ်းကုန်သီးခံ သွားကြရမှာပါ ဘာကြောင့်လည်းဆိုတော့ အချိန်တွေ ကျော်လွန်သွားပြီးတဲ့အခါ ကျော်လွားသွားနိုင်မှာပါ ဆိုတာ ကိုသိနေ ကြလို့ပါပဲ ပြီးတော့ အဆိုးတွေ ကျော်လွန်သွားပြီးယင် အကောင်းဆုံးတွေ ရောက်ရှိလာ လိမ့်မယ် ဆိုတာ ဟာလည်းအသေအချာပါပဲ
..................................................
တစ်ခါတစ်လေ ဘဝမှာ အခက်အခဲ ပင်ပန်းဆင်းရဲ တွေ ဒုက္ခ တွေ သောက တွေ ပူပန်မှု့တွေ ဝမ်းနည်းနာကျင်မှု့တွေ နဲ့ ကြုံတွေ့ ရပြီး သီးခံနိုင်စွမ်း လက်ခံနိုင်စွမ်းမရှိတော့လို့ အရှုံးပေးလဲ ကျ မျက်ရည်ကျရတဲ့အခါတွေ မှာ ဘဝနဲ့လောကကြီးအပေါ် မျော်လင့်ချက်မမဲ့လိုက် အရှုံးမပေးလိုက်မိပါစေနဲ့
ထလာပြီးအဲ့ဒီအခက်အခဲတွေ ကိုရင်ဆိုင်လိုက်ပါ စမ်းသပ်ချက်တွေကို မရှောင်ဖယ်လိုက်ပါနဲ့ ...
...................................
အနာမခံ တဲ့ သိန်းငှက်တစ်ချို့တွေ လို ခဏသာဒုက္ခဝေဒနာတွေကို မခံစားလိုပဲ မရှောင်ဖယ်လိုက်ပါနဲ့
ဘဝရဲ့ အခက်ခဲဆုံးအချိန်ကာလတွေဆိုတာ လူတိုင်းမှာ ကိုယ်စီ ရှိတတ်ကြပါတယ်
ဒါပေမဲ့ တစ်သက်လုံးကြီးတော့ ရှိမနေနိုင်ပါဘူး ကျော်လွန်သွားနိုင်ပြီးယင် အရာရာကောင်းမွန်လာ မှာပါ
ကျော်လွန်သွားနိုင်တဲ့အခါ  ပိုမို သန်မာ ခိုင်မာလာတဲ့အစွမ်းအစတွေ ပဲကျန်ရှိဖြစ်တည်လာမှာပါ
နှကိုယ်ကထက်ပိုမို ကောင်းမွန်လာမှာပါ  အခက်ခခဲ တွေ ကဘယ်သူ့ကိုမှ မသတ်ဖူးပါဘူး  အခက်အခဲဆိုတာ ကိုယ်ကျော်ဖြတ် ဖို့ ဖြစ်လာတဲ့ တံတိုင်းအတားအဆီးမျှသာပါ  ကိုယ့်ကိုပိုမို သန်မာ ရင့်ကျက်လာအောင် လုပ်ဆောင်ပေးတဲ့အရာတွေ ပါ 
.......................................
ဆက်လက်ရှင်သန် တဲ့ သိန်းငှက်တွေ ဖြစ်နိုင်ကြပါစေ
နှောင်နှစ် ပေါင်း၃၀ ကျော် ကြာ အဖက်ဖက်မှာ အောင်မြင် ချမ်းသာ ပြီး သားစဉ်မြေးဆက်လက်ဆင့်ကမ်း နိုင်ကြပါစေ ..
+++++++++++++

လွပ်လပ်မှု့ဆိုတာ လူတိုင်းအတွက်ဖြစ်နိုင်ပါတယ် ကိုယ်ကသာရွေးချယ်ခဲ့ မယ် ဆိုယင် ပေါ့

မူရင်း    Credit
========================

No comments:

Post a Comment